ဒီတစ်ပတ်မှာတော့ Pronoun နဲ့ ပတ်သက်ပြီး မှားယွင်းသုံးစွဲမိတတ်တာတွေ ကို စတင် ရေးသား လိုက်ပါတယ်။

-       The door is open, please shut her. ×
-       The door is open, please shut it.
တံခါးပွင့်နေတယ်၊ ကျေးဇူးပြုပြီး ပိတ်လိုက်ပါ။

·         ဒီလောက်လွယ်တာကို မှားပါ့မလားလို့ ထင်နိုင်စရာ ရှိပါတယ်။ ဒါပေမယ့် it ကို pronoun အဖြစ်သုံးတဲ့ အခါ အရာဝတ္တုပစ္စည်း (Material) တွေ၊ တိရိစ္ဆာန် (Animal) တွေနဲ့ ကလေး (Baby) စတဲ့ အရာတွေ ကို သုံးပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ အကြောင်းအရာ ဖြစ်ပေမယ့် it ကို မသုံးတာတွေ လည်း ရှိပါတယ်။ ဥပမာ - England is proud of her navy.

-       Her room’s window is open.  လို့ မသုံးဘဲ
-       The window of her room is open.
သူမရဲ့ အခန်းတံခါးက ပွင့်နေတယ်။

·         သက်မဲ့ တွေနဲ့ ပတ်သက်လို့ သုံးတဲ့အခါ of နဲ့  အသုံးများပါတယ်။ The door of the car. The leg of the table. The surface of the water. နေရာ၊ အဖွဲ့အစည်းတွေ ဆိုရင်တော့ Apostrophe နဲ့ of (၂) မျိုးလုံးကို သုံးနိုင်ပါတယ်။ London’s streets = The streets of London. Italy’s climate = The climate of Italy. The school’s main office = The main office of the school.

-       It was him. လို့မပြောဘဲ
-       It was he.
အဲဒါသူပဲပေါ့။

·         ပုံမှန်အရတော့ verb to be ရဲ့ နောက်မှာ object မလိုက်ပါ … အထူးသဖြင့် အရေးမှာ မသုံးပါ၊ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အပြန်အလှန်စကားပြောတဲ့ပုံစံတွေမှာ objective တွေကို သုံးလာတာ တွေ့ရပါတယ် ။ ဥပမာ - သူများအိမ်ကို တံခါးသွားခေါက်လို့ Who’s it? ဆိုပြီး မေးတဲ့ အခါ It’s I. လို့ Subject ပုံစံနဲ့ ပြောလို့မရဘဲ It’s me. လို့ သုံးပါတယ်။ ထို့အတူ It’s him/ her/ them စတဲ့ ပုံစံများ နဲ့ သုံးနေတာကို တွေ့နိုင်ပါတယ်။

-       My sister is taller than me.  လို့ မသုံးဘဲ
-       My sister is taller than I (am).
ကျွန်တော့် အမက ကျွန်တော့်ထက် အရပ်ရှည်တယ်။

·         နှိုင်းယှဉ်မှုကို ပြတဲ့အခါမှာ Conjunction ဖြစ်တဲ့ than ရဲ့အနောက်မှာ subject pronoun လိုက်ပါတယ် … ။ ပြီးတော့ အဲဒီ subject အနောက်က ဆက်ပါလာတဲ့ verb ကိုလည်း မြှပ်ထား ပါတယ်။ ဒါပေမယ့် Spoken English မှာတော့ You are taller than me. လို့သုံးတာ ကိုလည်း တွေ့နိုင်ပါတယ်။

-       It’s a secret between you and I.  လို့ မသုံးဘဲ
-       It’s a secret between you and me.
ဒါက ခင်ဗျားနဲ့ ကျွန်တော့်ကြားက လျှို့ဝှက်ချက် တစ်ခုပါ။

·         Preposition ဖြစ်တဲ့ between ရဲ့ နောက်မှာ Subject Pronoun မလိုက်ဘဲ Object Pronoun ပဲ လိုက်ပါတယ်။

-       He laughing at her was what made her angry.  လို့ မသုံးဘဲ
-       His laughing at her was what made her angry.
သူရဲ့လှောင်ပြောင် ရယ်ခြင်းက သူ(မ)ကို စိတ်ဆိုးစေတယ်။

·         Laughing ကို Noun အဖြစ်သုံးထားတဲ့အတွက်၊ သူ့အရှေ့က Pronoun ကို Subject Pronoun ရော Object Pronoun ပါ သုံးလို့ မရဘဲ Possessive Pronoun အဖြစ်သာ သုံးရပါမယ်။

-       A friend of him told us the news.  လို့ မသုံးဘဲ
-       A friend of his told us the news.
သူရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်က ကျွန်တော်တို့ကို သတင်းကို ပြောပြတယ်။

·         A friend of his လို့ မသုံးရင် နောက်တစ်မျိုးဖြစ်တဲ့ one of his friends လို့လည်း သုံးနိုင်ပါတယ်။

-       Michael and myself are here.  လို့ မသုံးဘဲ
-       Michael and I are here.
မိုက်ကယ် နဲ့ ကျွန်တော်က ဒီမှာ ရှိပါတယ်။

·         Myself/ himself/ herself စတဲ့ ပုံစံတွေက ကိုယ်တိုင် ကိုယ်ကျ ဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးတတ်တာမို့ အသုံးမှားနိုင်ပါတယ်။ -self pronoun တွေကို  She herself was hurt. (သို့မဟုတ်) She hurt herself. စတဲ့ ပုံစံ (၂) မျိုးလုံးနဲ့ သုံးနိုင်ပါတယ်။



အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top