ဒီတစ်ပတ်မှာတော့ tense (ကာလ) နဲ့ ပတ်သက်ပြီး မှားယွင်းသုံးစွဲမိတတ်တာတွေ ကို အဆုံးသတ် ရေးလိုက်ပါတယ် … ။ နောက်တစ်ပတ်ကစပြီး … pronoun နဲ့ ပတ်သတ်တဲ့ မှားယွင်း သုံးစွဲမိတတ်တာ တွေကို ဆက်လက်ရေးပါမယ် … ။

အသုံးမှားတတ်တဲ့ tense (ကာလ) က present perfect tense နဲ့ past tense ပါ။ အဲဒီ (၂) ခုလုံးက လုပ်ပြီး ဖြစ်ပြီးတာကို ပြတဲ့အတွက် လွဲမှား သုံးတတ်ပါတယ်။ present perfect tense က အဖြစ်အပျက်က ပြီးပြီ ဒါပေမယ့် အကျိုးသက်ရောက်မှု ရှိပါသေးတယ်။ past tense ကတော့ အဖြစ်အပျက်လည်း ပြီးပြီ ဖြစ်သလို အကျိုးသက်ရောက်မှု ကလည်း ပျက်ပျယ်ပါပြီ။

-       I’d finished the book yesterday. ×
I finished the book yesterday.
ကျွန်တော် မနေ့က စာအုပ်ကို ဖတ်ခဲ့တယ်။

Present perfect tense နဲ့ past tense က ပိုပြီးထင်ရှားတဲ့ ဥပမာကို ပြောမယ်ဆိုရင် I have finished my lunch. (perfect tense) ဆိုရင် စားပြီးတဲ့ အကြောင်းအရာကို ပြောတာဖြစ်ပြီး အကျိုးသက်ရောက်မှု ရှိသေးတဲ့ အတွက် ခုအချိန် ထပ်ကျွေးရင် မစားနိုင်သေးပါဘူး။ I finished my lunch. (past tense) ကတော့ စားခဲ့တယ် ဆိုတဲ့ အခြေအနေကို ပြောတာဖြစ်ပြီး … ထပ်ကျွေးရင် စားလို့ရပါပြီ … ။ ပိုမိုသေချာ ချင်ရင် past tense ကိုသုံးတဲ့အခါ အတိတ်ကာလကို ညွှန်းပြတဲ့ တိကျတဲ့ အချိန်ပြပုဒ် (yesterday, last week, three hours ago စသည်ဖြင့်) တစ်ခုခု ထည့်သင့်ပါတယ်။

အရှေ့က main sentence မှာ past tense သုံးရင် clause မှာလည်း past tense ပဲ သုံးရမယ့် အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် future tense မှာတော့ main sentence မှာ future tense ဖြစ်ပေမယ့် clause မှာတော့ present tense ပဲ သုံးရပါတယ် … ။
-       I’ll see you when I shall come back. ×
-       I’ll see you when I come back.
ကျွန်တော်ပြန်လာတဲ့ အခါ ခင်ဗျားကို တွေ့မယ်။

နောက်တစ်ခုက if clause ကို သုံးတဲ့အခါလည်း main sentence မှာ future tense သုံးပြီးတော့ if clause မှာ present tense သုံးပါတယ်။
-       If he’ll ask me, I will stay. ×
-       If he asks me, I will stay.
သူတောင်းဆိုရင်တော့ ကျွန်တော် နေပါမယ်။
(If clause အသုံးပုံစံတွေက သပ်သပ် ရေးမှာ ပြည့်စုံမှာကြောင့် နောက်များမှာ သပ်သပ် စာစု တစ်ခု ရေးပါဦးမယ် ။)

As if, as though စတဲ့ စကားဆက်များနဲ့ ရေးတဲ့ clause တွေမှာလည်း main sentence မှာ present tense ဖြစ်ပေမယ့် clause မှာတော့ past tense နဲ့ ရေးရပါတယ်။
-       Thida talks as if she knows everything. ×
-       Thida talks as if she knew everything.
သီတာက သူ(မ) အားလုံးကို သိဘိသကဲ့သို့ ပြောတယ်။

As if, as though နဲ့ သုံးတဲ့ clause တွေမှာ past tense သုံးရတာ မှန်ပေမယ့် verb to be ကို သုံးရင်တော့ was ကို မသုံးဘဲ were ကို သုံးပါတယ်။
-       He acts as if he was a rich man.  ×
-       He acts as if he were a rich man.
သူက သူဌေး တစ်ယောက် ဘိသကဲ့သို့ ပြုမှု ဆောင်ရွက်တယ်။

Wish ကို သုံးတဲ့အခါလည်း main sentence မှာ present tense ဖြစ်ပေမယ့် clause ထဲမှာ past tense ကို ပဲ သုံးရပါတယ် ။
-       I wish to know more English. ×
-       I wish (that) I knew more English.
ကျွန်တော် အင်္ဂလိပ်စာကို ပိုမိုသိဖို့ ဆန္ဒရှိတယ်။ (ဆိုလိုတာက ပိုတတ်ချင်တာကို ပြောတာပါ။)

Tense အသုံးတွေကို အနှစ်ချုပ်ပြန်ပြောရင် ……
လုပ်လေ့လုပ်ထရှိတဲ့ ပုံမှန် အလုပ်တွေကို … Present Tense ကို သုံးပါတယ် Continuous Tense ကတော့ ဖြစ်နေဆဲ၊ လုပ်နေဆဲလို့ မှတ်ခဲ့ကြပေမယ့် … Action လို့ လွယ်လွယ်မှတ် နိုင်ပါတယ် … လုပ်လက်စ အလုပ်တစ်ခု မပြီးသေးရင် Continuous Tense ကိုသုံးနိုင်ပါတယ် … ။ (ဆိုလိုတာက I’m learning English လို့ ပြောရင် လက်ရှိပြောတဲ့အချိန်မှာ အခြားတစ်ခုခု လုပ်နေတာ ဖြစ်ချင် ဖြစ်နိုင်ပေမယ့် လေ့လာလို့ မပြီးသေးတဲ့ အတွက် Continuous Tense ကို သုံးတာပါ) Past Tense ကိုတော့ တိကျတဲ့ အတိတ်ကာလ အချိန်ပြပုဒ် နဲ့  တွဲသုံးသင့်ပါတယ်။ ပြီးမြောက်တာကို ပြောချင်ပြီးတော့ တိကျတဲ့ အချိန်ကာလ မညွှန်းရင်တော့  Present perfect ကို သုံးနိုင်ပါတယ်။


အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top