ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။
အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို
ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့်
နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။
ဒီတစ်ပတ်မှာ “Way” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို
လေ့လာကြရအောင် …. 
-      
There
is the way in.
ဒါက ဝင်ပေါက်ပါ။
-      
There
is the way out.
ဒါက ထွက်ပေါက်ပါ။
-      
There
is no way through.
ဒီက ဖြတ်သွားလို့
မရဘူး
-      
Which
way shall we go?
ဘယ်လမ်းက
သွားရမှာလဲ
-      
Which
is the way to the market?
ဈေးကို
ဘယ်လမ်းက သွားရမှာလဲ
-      
His
house is on the way from here to the school.
ဒီကနေ ကျောင်းကို
သွားတဲ့လမ်းမှာ သူ့အိမ်ရှိတယ်။
-      
My
friend’s house is on my way.
ကျွန်တော့်သူငယ်ချင်းရဲ့
အိမ်က ကျွန်တော်သွားတဲ့လမ်းမှာ လမ်းကြုံနေတယ်။
-      
It’s
a long way to the school.
ကျောင်းသို့သွားဖို့
အတော်အလှမ်းဝေးတယ်။
-      
The
nearest shops are only a short way away.
အနီးဆုံး
ဈေးဆိုင်တွေနဲ့ သိပ်မဝေးပါဘူး။
-      
What
is the easiest way to write a book?
စာအုပ်တစ်အုပ်
ရေးဖို့ အလွယ်ဆုံးနည်းလမ်း က ဘာလဲ
-      
I
know a good way of doing it.
ဒါမျိုးလုပ်ဖို့အတွက်
နည်းလမ်းကောင်းတစ်ခုကို ကျွန်တော် သိတယ်။
-      
He’s
got a funny way of talking.
သူ့စကားပြောပုံက
ရယ်ဖို့ ကောင်းတယ်။
-      
This
is the quickest way to chop onions.
ဒါက ကြက်သွန်နီကို
အမြန်ဆုံးလှီးတဲ့ နည်းပါ။
-      
In
some ways this job is quite difficult.
ရှုထောင့်အချို့က
ကြည့်မယ်ဆိုရင် ဒါ တော်တော် လုပ်ရခက်တဲ့ ကိစ္စ ဖြစ်တယ်။
-      
In
a way I feel sorry for him.
တစ်ဖက်က
ကြည့်မယ်ဆိုရင် သူ့အတွက်တော့ စိတ်မကောင်းပါဘူး။
-      
I
don’t like his way.
သူ အချိုးတွေ
(အမူအကျင့်) ကို ကျွန်တော် သဘောမကျဘူး။
-      
He
has some rather unpleasant ways.
မနှစ်မြို့စရာ
အမူအကျင့်တွေ သူလုပ်တတ်တယ်။
-      
The
winner finished the race way ahead of the other competitors.
ပထမရသူက
အခြားသော ပြိုင်ပွဲဝင်များကို အပြတ်အသတ်ဖြတ်ထားခဲ့ပြီး ပန်းဝင်လာတယ်။
-      
It’s
way past your bedtime.
မင်း အိပ်ရမယ့်
အချိန် အတော်လွန်နေပြီ။
-      
Well,
thanks for the cup of tea, but I must be on my way now.
ကဲ … လက်ဘက်ရည်
တိုက်တာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် သွားလိုက်ပါဦးမယ်။
-      
You
can’t always have your own way.
အမြဲတမ်း
မင်းသဘော ကြီးပဲ လုပ်လို့ မရဘူး။
-      
They
got into the way of waking up late when they were on holiday.
သူတို့တစ်တွေ
အားလပ်ရက်မှာ နောက်ကျမှ အိပ်ရာထတဲ့ အကျင့်ဖြစ်လာတယ်။
-      
She
has a way with children.
သူ(မ)က ကလေးတွေ
အထာကို သိတယ်။
-      
The
patient is in a bad way.
လူနာကတော့
အခြေအနေ မကောင်းဘူး။
-      
Get
out of my way! He said rudely.
လမ်းဖယ်စမ်း
လို့ သူက ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တယ်။
-      
I
lost my way through the city.
ကျွန်တော်
မြို့ထဲသွားရင်း လမ်းပျောက်သွားတယ်။
-      
The
crowd parted to make way for the ambulance.
လူနာတင်ယဉ်အတွက်  လူအုပ်ကြီးက လမ်းဖယ်ပေးတယ်။
-      
Her
plans are under way.
သူ(မ)ရဲ့လုပ်ငန်းစဉ်တွေ
စတင်နေပြီ။
-      
I
enjoy farming – it’s a pleasant way of life.
ကျွန်တော်
လယ်ယာ လုပ်ငန်းမှာ ပျော်မွေ့တယ်၊ အဲဒါဟာ အေးချမ်းသာယာတဲ့ ဘဝမျိုးပါ။
Way
နှင့် ပတ်သက်သော စကားလုံးအသုံးအနှုန်းများ
-      
Wayfarer
(n) ခြေလျင်ခရီးသည်
-      
Wayside
(n) လမ်းဘေး
-      
Motorway
(n) အမြန်လမ်းမကြီး
-      
Railway
(n) ရထားလမ်း
-      
The
milky way (n) နဂါးငွေ့တန်း
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ
စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး
(UMK)
Be the
Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....