ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့် နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။

ဒီတစ်ပတ်မှာ “Back” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….

Back ကို နာမ်(noun) အဖြစ်သုံးသော အသုံးအနှုန်းပုံစံများ

-       You’ve got a stain on the back of your shirt.
မင်းရဲ့ အင်္ကျီနောက်ကျောမှာ စွန်းသွားပြီ
-       I found my tennis racket at the back of the cupboard.
ကျွန်တော့ တင်းနစ်ဘက်တံကို ဗီရိုရဲ့ နောက်ဖက်မှာ ရှာတွေ့ခဲ့တယ်။
-       We sit at the back of the bus.
ကျွန်တော်တို့ ဘတ်(စ်)ကားရဲ့ နောက်ဖက်မှာ ထိုင်တယ်။
-       There is a beautiful garden at the back of the house.
အိမ်ရဲ့ နောက်ဖက်မှာ လှပတဲ့ ဥယျာဉ်တစ်ခု ရှိတယ်။
-       He lay on his back and looked up at the sky.
သူက ပက်လှက်လှန်ပြီး ကောင်းကင်ကို မော့ကြည့်တယ်။
-       I turned my back while she dressed.
သူ(မ) အဝတ်အစားလဲ တဲ့အချိန်မှာ ကျွန်တော် နောက်ကို လှည့်လိုက်တယ်။
-       Fasten the saddle on the horse’s back.
မြင်းရဲ့ ကျောကုန်းမှာ ကုန်းနှီးကို ခိုင်ခိုင် ချည်လိုက်ပါ။

·         Back ကို နာမ်(noun) အဖြစ်သုံးရာတွင် ဘောလုံး၊ ဟော်ကီ စသည့် အားကစားနည်းများတွင် နောက်တန်းကစားသမား လို့လည်း သုံးပါတယ်၊ ဒါ့အပြင် ကုလားထိုင် နောက်မှီ ကိုလည်း back လို့ သုံးပါတယ်။

Back ကို ကြိယာ(verb) အဖြစ်သုံးသော အသုံးအနှုန်းပုံစံများ

-       He parents backed her in her choice of career.
သူ(မ)ရဲ့ မိဘတွေက သူ(မ)ရဲ့ သက်မွေးဝမ်းကြောင်းရွေးချယ်မှုကို ထောက်ခံအားပေးတယ်။
-       The revolution was backed by foreign powers.
တော်လှန်ရေးကို နိုင်ငံခြား အင်းအားများက ထောက်ပံ့ပေးထားတယ်။
-       They persuaded various banks to back their project.
သူတို့ရဲ့စီမံကိန်းကို ငွေရေးကြေးရေးထောက်ပံ့ပေးဖို့အတွက် ဘဏ်တွေကို သူတို့က ဆွဲဆောင်ခဲ့တယ်။
-       I couldn’t back the car out of the mud.
ကျွန်တော့်ရဲ့ ကားကို ရွှံ့ထဲက နောက်ဆုတ်လို့ မရဘူး။
-       I backed four horses but won nothing.
ကျွန်တော် မြင်းလေးကောင်ကို (ငွေ)လောင်းလိုက်တယ်၊ ဒါပေမယ့် တစ်ကောင်မှ မနိုင်ဘူး။
-       The photograph was backed with cardboard.
ဓါတ်ပုံနောက်ကျောတွင် ကတ်ထူပြားဖြင့် ခံထားတယ်။
-       A singer backed by a full orchestra.
သံစုံတီးဝိုင်းဖြင့် တွဲဖက်ပံ့ပိုးပေးထားသော အဆိုတော်

Back ကို အခြားပုံစံများဖြင့် သုံးသော စကားလုံးအသုံးအနှုန်းများ

-       The back door = အနောက်ဖက် တံခါး
-       Back role = လမ်းဘေး
-       Back issue = အရင်က ထုတ်ဝေခဲ့တဲ့ (စာစောင်၊ မဂ္ဂဇင်း၊ သတင်းစာ)
-       Back taxes = ကြွေးကျန် အခွန်
ဖော်ပြပါ ပုံစံများသည် back ကို adjective အဖြစ် အသုံးပြုထားခြင်းဖြစ်ပြီး adv အဖြစ် အသုံးပြုသော ပုံစံများကိုလည်း အနည်းငယ် ပြောပြချင်ပါတယ်။
-       The barriers failed to keep the crowds back.
အဟန့်အတားတွေက လူအုပ်ကြီးကို နောက်သို့ ရောက်ဖို့ မတားနိုင်ဘူး။
-       He could no longer hold back his tears.
သူရဲ့ မျက်ရည်တွေကို ပြန်မထိန်းထား နိုင်တော့ဘူး။
-       Put the book back on the shelf.
စာအုပ်ကို စင်ပေါ်မှာ ပြန်တင်လိုက်ပါ။
-       Please give me my ball back.
ကျွန်တော့်ရဲ့ ဘောလုံးကို ကျေးဇူးပြုပြီး ပြန်ပေးပါ။
-       We came back from our holiday on the 25th.
ကျွန်တော်တို့ အားလပ်ရက်ကနေ ၂၅ရက်နေ့မှာ ပြန်လာခဲ့ကြတယ်။
-       She thought back to her childhood.
သူမက ငယ်ဘဝကို ပြန်တွေးခဲ့တယ်။
-       She smiled at him, and he smiled back.
သူ(မ)က သူ့ကို ပြုံးပြတယ်၊ ပြီးတော့ သူက ပြန်ပြုံးပြခဲ့တယ်။
-       The styles of the 1960s are back.
၁၉၆၀ ပြည့်နှစ်များက စတိုင်(လ်)တွေဟာ ပြန်လည် ခေတ်စားလာတယ်။

Back နှင့်ပတ်သက်သော အခြားစကားလုံး အသုံးအနှုန်းများ
Backache       - ကျောနာ၊ ကျောအောင့်
Backbiting      - နောက်ကွယ်တွင် အတင်းပြောခြင်း
Backbone      - ကျောရိုး
Backchat       - ပြန်ခံပက်သော/ ပြန်ခံပြောသော စကား
Backcloth      - နောက်ခံကား (ဇာတ်စင်)၊ နောက်ခံဖြစ်ရပ်
Backcomb     - ဆံပင်နောက်လှန်ဖီးသည်
Backdate       - နောက်ကြောင်းပြန်ကာ ရက်သတ်မှတ်သည်
Backfire         - အိပ်ဇောပေါက်သည်၊ ရလဒ် ပြောင်းပြန်ထွက်ပေါ်သည်
Backgammon - အန်စာပစ်၍ အကွက်ရွှေ့ရသော ကစားနည်း တစ်မျိုး
Background    - နောက်ခံ၊ နောက်ခံမြင်ကွင်း၊ နောက်ခံအကြောင်း
Backhand      - လက်ပြန်(ရိုက်ချက်)
Backhander    - တံစိုး/လက်ဆောင်၊ လဘ်၊ လက်ဖမိုးရိုက်ချက်
Backlash        - လူမှုရေး/ နိုင်ငံရေး ကိစ္စများအပေါ် လူအများ၏ တုန့်ပြန်မှု
Backlog         - အလုပ်ကြွေး
Backpack      - ကျောပိုးအိတ်
Backstroke    - ပက်လက်ကူး (ရေကူး)
Backup         - အကူအညီ၊ အထောက်အပံ
Backyard       - အိမ်နောက်ဖေး ကွက်လပ်

အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……

အောင်ကိုဦး (UMK)

Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top