ဘာသာစကား လေ့လာတဲ့အခါ လေ့လာတဲ့အခါ Listening,
Speaking, Writing, Reading   စတဲ့ Skill
(4) ခုလုံးမှာ Reading ဟာ ကျန်တဲ့ Skill (3)ခုလုံးကို တိုးတက်စေဖို့ အထောက် အပံ့ပေးပါတယ်။
စာဖတ်ခြင်း စကားလုံး အသုံးအနှုန်းပုံစံတွေ ရနိုင်သလို၊ ဝါကျတည်ဆောက်ပုံတွေ လည်းရနိုင်ပါတယ်။
ဒါကြောင့် အင်္ဂလိပ်ဘာသာစကားလေ့လာနေသူများ ကိုယ်တိုင် လေ့ကျင့်နိုင်ဖို့ ရည်ရွယ်ပြီးတော့
ယခုသင်ခန်းစာကို တင်ပြလိုက်ပါတယ်။ ယခုတင်ပြမယ့် သင်ခန်းစာများဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှသည်
တက္ကသိုလ် အရည်အချင်းစစ် စာမေးပွဲများ၊ ရာထူးဝင်ခွင့်စာမေးပွဲများ၊ IELTS ၊ TOFEL စာမေးပွဲများအထိ
အသုံးဝင်ပါလိမ့်မယ်။ (သင်ခန်းစာများကို တဖြည်းဖြည်း လွယ်ရာမှ ခက်လာသည့် ပုံစံဖြင့်
စီစဉ်ထားပါတယ်။) လေ့လာသူများ ဖြေဆိုလေ့ကျင့်ရာတွင် ပိုမိုအဆင်ပြေစေဖို့ စာပိုဒ်ရဲ့
မြန်မာပြန်ကိုပါ ရေးသားဖော်ပြထားပါတယ်။ အဖြေများနဲ့ စကားလုံးအသုံးအနှုန်းဆိုင်ရာ၊ ဝါကျတည်ဆောက်ပုံဆိုင်ရာ
ရှင်းလင်းချက်များကို နောက်တစ်ပတ်မှာ ဖော်ပြသွားပါမယ်။
Mr Jones had a few
days’ holiday, so he said, ‘I’m going to go the mountains by train.’ He put on
his best clothes, took a small bag, went to the station and got into the train.
He had a beautiful hat, and he often put his head out of the window during the
trip and looked at the mountains. But the wind pulled his hat off.
          Mr Jones quickly took his old bag and
threw that out of the window too.
The other people
in the carriage laughed. ‘Is your bag going to bring your beautiful hat back?’
they asked.
‘No,’ Mr Jones
answered, ‘but there’s no name and no address in my hat, and there’s a name and
an address on the bag. Someone’s going to find both of them near each other,
and he’s going to send me the bag and the hat.’
မစ္စတာ ဂျုံးတစ်ယောက်
ဟာ အားလက်ရက် အနည်းငယ် ရခဲ့ပါတယ်၊ ဒါကြောင့် “ကျွန်တော် တောင်တန်းတွေဆီ ရထားနဲ့ သွားတော့မယ်”
လို့ ပြောခဲ့တယ်။ သူရဲ့ အကောင်းဆုံး အဝတ်အစားတွေ ဝတ်ခဲ့တယ်၊ အိတ်ကလေးကိုယူခဲ့တယ်၊ ဘူတာကိုသွားခဲ့တယ်၊
ပြီးတော့ ရထားပေါ်တက်ခဲ့တယ်။ သူမှာ ဦးထုပ်လှလှလေးလည်းရှိခဲ့တယ် (ဆောင်းထားတာကို ဆိုလိုပါတယ်)၊
ပြီးတော့ ခရီးသွားနေတုန်း ပြတင်းပေါက်က ခေါင်းကို ခဏခဏ ထုတ်ထုတ်ပြီးတော့ တောင်တန်းတွေကို
ကြည့်ခဲ့တယ်။ ဒါပေမဲ့ လေက သူ့ဦးထုပ်ကို သုတ်လိုက်တယ်။ (ဦးထုပ် လွင့်ကျသွားတာပေါ့)
မစ္စတာဂျူံးဟာ
ခပ်သွက်သွက်ပဲ သူ့အိတ်ကို ယူခဲ့ပြီး ပြတင်းပေါက်က လွင့်ပစ်ခဲ့တယ်။ ရထားတွဲထဲမှာ ပါတဲ့
အခြားသူတွေက ရယ်ကြတာပေါ့။ “ခင်ဗျားရဲ့အိတ်က ခင်ဗျားရဲ့ ဦးထုပ်လှလှလေးကို ပြန်ယူလာမှာလား”
လို့ သူတို့က မေးခဲ့ကြတယ်။ 
“မယူလာပါဘူး”
လို့ မစ္စတာဂျူံးက ဖြေခဲ့တယ်၊ “ဒါပေမဲ့ ကျွန်တော့်ဦးထုပ်မှာ နာမည် နဲ့ လိပ်စာ မပါဘူးလေဗျာ၊
ပြီးတော့ အိတ်မှာက နာမည် နဲ့ လိပ်စာ ပါတယ်လေ။ တစ်ယောက်ယောက် က အဲဒီ ဦးထုတ်နဲ့ အိတ်ကို
နီးနီးနားနား တွေ့ရင် အိတ်နဲ့ ဦးထုပ်ကို ကျွန်တော့်ဆီ ပြန်ပို့မှာပေါ့ဗျ …။”
A.  Which
of these sentences are true (T) and which are false (F)?
1.   
Mr
Jones had a day’s holiday.
2.   
Mr
Jones went to the mountains by train.
3.   
Mr
Jones threw his hat out of the window.
4.   
There
was a name and address on the bag.
5.   
The
people in the carriage laughed at Mr Jones.
6.    Some sent Mr Jones the hat and
the bag.
B.  Answer
these questions.
1.   
Where
did Mr Jones go for his holiday?
2.   
How
did he go there?
3.   
What
did he often do during the trip?
4.   
What
did the wind do then?
5.   
What
did Mr Jones do?
6.   
What
did the other people in the carriage do then?
7.   
What
did they say?
8.    And what did Mr Jones answer?
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ
အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကြပါစေ ……
အောင်ကိုဦး
(UMK)
Be the
Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....