ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊ စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ ဥပမာ - “တိုက်သည်” ဆိုသည့် မြန်မာ စကားလုံး တစ်လုံး သည် ဝါကျအပေါ်တွင် မူတည်က အဓိပ္ပာယ် ပြောင်းလည်းသွားသည်ကို တွေ့နိုင် ပါတယ်။
-       ရေ တိုက် သည်။
-       အဖြေ တိုက် သည်။
-       ခလုပ် တိုက် သည်။
-       ကော်ပတ် တိုက် သည်။
ဖော်ပြပါ ဝါကျများကို ကြည့်လျှင် စကားလုံး တူသော်လည်း အဓိပ္ပာယ်မတူသည်ကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား လေ့လာရာတွင်လည်း အလားတူ အဖြစ်များ များ စွာရှိပါတယ်။

ဒီတစ်ပတ်မှာ “fast” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….

Fast (adj) = မြန်သော
-       Fast train (အမြန်ရထား)
-       My watch is fast. (ကျွန်တော့် နာရီက မြန်နေတယ်)

Fast (adj) = ခိုင်သော၊ ဆေးခိုင်သော
-       Make a boat fast. (လှေကို မြဲမြဲ/ခိုင်ခိုင် ချည်ထားပါ)
-       Colour is fast. (ဆေးခိုင်သည်)
-       Colour is not fast. (ဆေးမခိုင်)

Fast (adv) = လျှင်မြန်စွာ၊ အမြန်၊ မြန်မြန်
-       Don’t drive so fast! (မြန်မြန် မမောင်းပါနဲ့)

Fast (adv) = ခိုင်မြဲစွာ၊ နှစ်နှစ်ခြိုက်ခြိုက်
-       The nail is stuck fast on the wall. (သံက နံရံမှာ ခိုင်ခိုင်မာမာ စိုက်ထားတယ်။)
-       He falls fast asleep. (သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်။)

Fast (v) = အစာမစားပဲ နေသည်။
-       One day a week he fasts for health reasons. (ကျန်းမာရေးအတွက် တစ်ပတ်မှာ တစ်ရက် သူ အစာမစားဘဲ နေတယ်။)

Fast (n) = အစာမစားဘဲ နေသည့်အချိန်
-       Hundreds of prisoners began a fast in protest about prison conditions. (အကျဉ်းသား ရာချီ၍ စတင်ကာ အစာငတ်ခံ ကန့်ကွက် ဆန္ဒပြကြသည်။)

Breakfast - နံနက်စာ (တစ်ညလုံး အစာမစားဘဲနေသည် fast ကို စတင်ချိုးဖျက် break လုပ်လိုက်သည့် အတွက် breakfast ဟုသုံးစွဲခြင်း ဖြစ်သည်။)

Fast day - ဥပုသ်နေ့
Fast keeper - ဥပုသ်သည်(ဥပုသ်စောင့်သူ)
First come, fast serve (ဦးရာလူ စနစ်)
Fast food (အလွယ်တကူ/ မြန်မြန်ဆန်ဆန်စားနိုင်သည့် အစားအစာ)


အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……

အောင်ကိုဦး (UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top