up to date : နောက်ဆုံးပေါ်၊ နောက်ဆုံးဖြစ်သော၊ ခေတ်မီသော
-       This catalog is not up to date.  It was published several years ago.
ဒီစာရင်းက ဒိတ်အောက်နေပြီ၊ ရိုက်ထားတာ နှစ်ပေါင်းတော်တော် ကြာနေပြီ။

out of date : ခေတ်မမီသော၊ ခေတ်မရှိသော       
-       Many people buy new cars when their old cars become out of date.
လူတော်တော်များများက သူတို့ကားတွေ ခေတ်မမီတော့ရင် အသစ်ဝယ်ကြတယ်။
-       This book can't be ordered any more because it is out of date. 
ဒီစာအုပ်က ဒိတ်အောက်နေတော့ မှာလို့ မရနိုင်တော့ဘူး။

to blow up : လေမှုတ်သွင်းသည်၊ ပေါက်ကွဲသည်၊ ပျက်စီးသည်။
-       Daddy, could you please blow up this balloon for me?
အဖေ၊ ကျွန်တော့်ကို ဒီဗူစီပေါင်းလေး လေမှုတ်ပေးပါလား
-       When the airplane crashed into the ground, it blew up immediately.
လေယာဉ်က မြေပေါ်ကို ပျက်ကျတဲ့အခါ ချက်ချင်း ပေါက်ကွဲသွားသွားတယ်။

to catch fire : မီးစွဲလောင်သည်
-       Don't stand too close to the gas stove. Your clothes may catch fire.
မီးဖိုအနားကို အတင်းမကပ်နဲ့၊ မင်းအဝတ်အစားတွေ မီးစွဲကုန်မယ်။
-       No one seems to know how the old building caught fire. 
ဒီအဆောက်အဦ အဟောင်းကြီး ဘယ်လို မီးလောင်တယ် ဆိုတာ ဘယ်သူမှ သိပုံမပေါ်ဘူး။

to burn down : မီးကြောင့် လုံးဝပျက်စီးသွားသည်၊ ဖယောင်တိုင်မီး တဖြည်းဖြည်း လောင်ကျွမ်းသည်။
-       There was a large amount of wax on the table where the candles had burned down.
ဖယောင်းတိုင်မီးထွန်းတဲ့နေရာ စားပွဲပေါ်မှာ ဖယောင်းတွေ အများကြီး ဖြစ်နေပြီ။
-       The fire spread so quickly that the firefighters could not prevent the whole block of buildings from burning down. 
မီးကူးတာက အရမ်းမြန်တော့ အဆောက်အဦ တစ်ခုလုံး မီလောင် မပျက်စီးအောင် မီးသတ်သမားတွေ မတားနိုင်တော့ဘူး။


to burn up : မီးရှို့သည်၊ စိတ်အနှောက်အယှက် ဖြစ်စေသည်၊ စိတ်ဆိုးစေသည်။  
-       She didn't want anyone to see the letter, so she burned it up and threw the ashes away.
သူ(မ) က ဒီစာကို နောက်ထပ် မမြင်ချင်တော့လို့ မီးရှို့ပြီး ပြာတွေကို လွှင့်ပစ်ခဲတယ်။
-       It really burns me up that he borrowed my car without asking me first.
ကျွန်တော်ကို အရင် ခွင့်မတောင်းဘဲ  သူက ကားကို ယူသွားတဲ့အတွက် တကယ်ကို ကျွန်တော် စိတ်ဆိုးတယ်။

to burn out : လောင်ကျွမ်းသွားသည်၊ အလုပ် အလွန်ပင်ပန်းသည်။to stop functioning because of overuse; to make tired from too much work (S)
-       This light bulb has burned out. Could you get another one?
ဒီမီးလုံးက ကျွမ်းသွားပြီ၊ နောက်ထပ်တစ်ခု လောက် ရနိုင်မလား?
-       Studying all day for my final exams has really burned me out.
နောက်ဆုံး စာမေးပွဲအတွက် တစ်နေကုန် စာကြည့်လိုက်တာ တကယ်ကို ပင်ပန်း နွမ်းနယ်သွားတယ်။

to make good : အောင်မြင်သည်။ to succeed
-       He is a hard worker, and I'm sure that he will make good in that new job.
သူက အလုပ်အလွန်လုပ်တဲ့သူလေ၊ သူ့အလုပ် အသစ်မှာ အောင်မြင်မယ်လို ကျွန်တော် သေချာပေါက် ပြောနိုင်တယ်။
-       Mary has always made good in everything that she has done.
မေရီက သူလုပ်တဲ့ ကိစ္စတိုင်းကို အမြဲတမ်း အောင်မြင်အောင် လုပ်တယ်။
         
stand to reason : ရှင်းရှင်းလင်းလင်း ဖြစ်သည်၊ အကျိုးအကြောင်းဆီလျော်သည်။
 (stand to reason ကို subject ‘It’ ဖြင့်ရေးပြီး that clause ဖြင့်တွဲကာ သုံးပါသည်။)
-       It stands to reason that a person without experience cannot do the work as well as an experienced one.
အတွေ့အကြုံမရှိတဲ့သူ တစ်ယောက်က အတွေ့အကြုံ ရှိတဲ့သူလောက်တော့ မလုပ်နိုင်ဘူးဆိုတာ ရှင်းပါတယ်/ အကျိုးအကြောင်း ဆီလျှော်ပါတယ်။
-       It stands to reason that he isn't going to pass the course if he never studies.
တစ်ခါမှ စာမကြည့်ဘဲ နဲ့ စာမေးပွဲ မအောင်နိုင်ဘူးဆိုတာ ရှင်းပါတယ်/ အကျိုးအကြောင်း ဆီလျှော် ပါတယ်။
           
အောင်ကိုဦး(UMK)

 Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top