to point out : ညွှန်ပြသည်၊ ထောက်ပြသည်။
-       The teacher point out the mistakes in my composition.
ဆရာက ကျွန်တော့် အမှားကို ထောက်ပြပေးတယ်။
-       A friend pointed the famous actor out to me.
သူငယ်ချင်းက ကျွန်တော်ကို နာမည်ကြီး သရုပ်ဆောင် တစ်ယောက် ညွှန်ပြတယ်။

to be up : သတ်မှတ်ချိန်ပြည့်သည်။
-       “The time is up” the teacher said at the end of the test period.
စာမေးပွဲ အချိန်ပြီးဆုံး ချိန်မှာ“အချိန်ပြည့်ပြီ” လို့ ဆရာက ပြောတယ်။
-       We have to leave the tennis court because our hour is up; some other people want to use it now.
အချိန်ပြည့်သွားပြီဆိုတော့ ကျွန်တော်တို့ တင်းနစ်ကွင်းက သွားရတော့မယ်၊ သူများတွေလည်း သုံးချင်နေကြပြီ။

to be over/ through : သတ်မှတ်ချိန်ကျော်သွားသည်၊ ပြီးဆုံးသွားသည်။
-       After the dance was over, we all went to a restaurant.
ကပွဲပြီးသွားတော့ ကျွန်တော်တို့ အားလုံး စားသောက်ဆိုင်ကို သွားခဲ့ကြတယ်။
-       The meeting was through ten minutes earlier than everyone expected.      
အစည်းအဝေးက အားလုံး မျှော်မှန်းထားတာထက် ၁ဝ မိနစ်လောက် စောပြီးခဲ့တယ်။

on time : အချိန်မှန်၊ သတ်မှတ်ချိန်အတိုင်း အတိအကျ
-       I thought that Margaret would arrive late, but she was right on time.
မာဂရက် နောက်ကျမယ်လို့ ထင်ထားတာ ဒါပေမယ့် အချိန်အတိအကျ ပါပဲ။
-       Did you get to work on time this morning, or did rush hour traffic delay you?
ခင်ဗျား ဒီမနက် အလုပ်ချိန် ကွက်တိ ပဲလား၊ ကားပိတ်လို့ နောက်ကျသေးလား

in time : အချိန်မီ (သတ်မှတ်ချိန် မတိုင်မီ)
-       We entered the theater just in time to see the beginning of the movie.
ကျွန်တော်တို့ ဇာတ်ကား မစခင် အချိန်မီ ရုပ်ရှင်ရုံထဲကို ဝင်ခဲ့ကြတယ်။
-       The truck was not able to stop in time to prevent an accident.
မတော်တဆမှု မဖြစ်အောင် ကားက အချိန်မီ မရပ်တန့်နိုင်ခဲ့ဘူး။

to call at day/ night : အလုပ်ကို ရပ်ကာ အနားယူသည်
-       John tried to repair his car engine all morning before he called it a day and went fishing.
ဂျွန်က သူ ဒီနေ့ အလုပ်နားပြီး ငါးမျှား မသွားခင် တစ်မနက်လုံး ကားစက်ကို ပြင်ဖို့ ကြိုးစားနေခဲ့တယ်။
-       We've been working hard on this project all evening; let's call it a night.
ကျွန်တော်တို့ ဒီစီမံကိန်းကို တစ်ညနေလုံး ကြိုးစား ပမ်းစား လုပ်နေရတာ ဒီညတော့ နားရအောင်ကွာ။

to figure out : နားလည်သည်၊ ဖြေရှင်းသည်၊ အဖြေရသည်။
-       How long did it take you to figure out the answer to the math problem?
မင်း ဒီပုစ္ဆာ အဖြေရအောင် ဘယ်လောက်တောင် အချိန်ယူခဲ့ရလဲ
-       I was never able to figure it out.
ကျွန်တော်တော့ ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။

to think of : အထင်ရှိသည်၊ သဘောရသည်။
-       I don't think much of him as a baseball player; he's a slow runner and a poor hitter.
သူက အပြေးလည်း မသန်၊ အတွန်းအတိုက်လည်း မသန်တော့ ကျွန်တော်သူ့ကို ဘေ့(စ်)ဘော သမား တစ်ယောက် လို့တောင် သိပ်မထင်ပါဘူး၊
-       James thinks highly of his new boss, who is a kind and helpful person.
ဂျိမ်း(စ်) က သူ့သဌေးကို သဘောမနောကောင်း၊ ကူညီတတ်သူလို့ အပြည့်အဝ သဘောထားတယ်။


အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်နိုင်ကြပါစေ ………

အောင်ကိုဦး(UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top