Let me + (verb) – ခွင့်ပြုပါ

တစ်စုံတစ်ခုကို လုပ်ဖို့ရန်အတွက် ခွင့်ပြုချက်တောင်းသောအခါ Let me ကို အသုံးပြုနိုင်ပါတယ်၊ verb ဖြင့်တွဲသုံးရမှာ ဖြစ်ပါတယ်။
-       Let me make my own decisions.
ကိုယ့်ဟာကိုယ် ဆုံးဖြတ်ခွင့် ပြုပါ။
-       Let me make a suggestion.
အကြံဉာဏ်ပေးခွင့် ပြုပါ။
-       Let me fix your car.
ခင်ဗျားကားကို ပြင်ဖို့ ခွင့်ပြုပါ။
-       Let me treat you to some ice cream.
ခင်ဗျားကို ရေခဲမုန့် ကျွေးဖို့ ခွင့်ပြုပါ။

Thank you for+ (V-ing) - တစ်ခုခု အတွက် ကျေးဇူးတင်သည်။
ကျေးဇူးတင်ကြောင်း ပြောရာတွင် Thanks သို့မဟုတ် Thank you ၂-မျိုးလုံးကို သုံးနိုင်ပါသည်။ သို့ရာတွင် Thanks ဟုပြောလျှင် ‘s’ ပါသည်ကို သတိထားရမည် ဖြစ်ပြီး ‘Thank you’ ဟုပြောပါက ‘s’ မပါသည်ကို သတိပြုရပါမည်။ (V-ing) ကို noun ပုံစံဖြင့် အသုံးပြုထားခြင်း ဖြစ်ပါသည်။
-       Thank you for inviting me.
ကျွန်တော့်ကို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
-       Thank you for mailing that package for me.
ကျွန်တော့် အတွက် ဒီအထုပ်ကို ပို့ပေးတဲ့အတွက် ကျေးဇူးပါ။
-       Thank you for replying to my email.
ကျွန်တော့် အီးမေး(လ်)ကို အကြောင်းပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
-       Thank you for heating up dinner.
ညနေစာကို နွှေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
-       Thank you for helping me. (Thank you for your help. ဟုလည်း သုံးနိုင်ပါတယ်)
ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးပါ။
Can I + (verb) -  ________ လုပ်လို့ ရမလား
 ‘can’ ကို ဖြစ်နိုင်ချေ (possibility) ၊ လုပ်နိုင်စွမ်းရည် (ability) ၊ ခွင့်ပြုချက် (permission) စသော အခြေအနေ သုံးမျိုးတွင် အသုံးပြုနိုင်ပါသည်။ ယခုပုံစံတွင် ‘can’ ကို မေးခွန်းဝါကျ အဖြစ် ပြောဆိုအသုံးပြုကာ တစ်ခုခု လုပ်ဖို့ရန် အတွက် ခွင့်ပြုချက် တောင်းခံခြင်း ဖြစ်ပါသည်။  
-       Can I attend the event?
ဒီပွဲကို ကျွန်တော် တက်လို့ ရမလား
-       Can I call you tomorrow?
မနက်ဖြန် မင်းကို ဖုန်းခေါ်လို့ ရမလား
-       Can I complete this later?
ဒါလေးကို နောက်မှ လက်စသပ်လို့ ရမလား
-       Can I include you in our plans?
ကျွန်တော့်တို့ အစီအစဉ်တွေမှာ ခင်ဗျားကို ထည့်သွင်းလို့ ရမလား
-       Can I introduce you to my co-workers?
ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ခင်ဗျားကို မိတ်ဆက်ပေးလို့ ရမလား

Can I get + (noun) -  ______ ကိုရနိုင်မလား
တစ်ခုခုကို ရနိုင်မလားလို့ မေးလိုသည့် အခါမျိုးတွင် ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါသည်။
-       Can I get a cup of water?
ရေတစ်ခွက်လောက် ရနိုင်မလား
-       Can I get sugar in my coffee?
ကော်ဖီမှာ သကြားလေး ထည့်ပေးလို့ ရမလား
-       Can I get popcorn at the movie?
ရုပ်ရှင်ရုံမှာ ပြောင်းဖူးပေါက်ပေါက် ရနိုင်မလား

တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ဖို့ ကမ်းလှမ်းလိုသည့် အခါများတွင်လည်း ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါသည်။

-       Can I get you another drink?
နောက်တစ်ခွက်လောက် ထပ်သောက်ပါဦးလား
-       Can I take you home?
အိမ်ကို လိုက်ပို့ပေးရမလား
-       Can I help you finish your project?

မင်းလုပ်ငန်းကို လက်စသပ်ဖို့ ကူညီပေးရမလား

အောင်ကိုဦး(UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top