ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ ဖြစ်နေသည့်
ယနေ့ခေတ်အချိန်တွင် ကမ္ဘာကြီးနှင့် ဆက်သွယ်ရန်အတွက် အင်္ဂလိပ်ဘာသာစကားသည် အလွန်အရေးပါသော
အခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ မြန်မာလူငယ်များအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို နည်းလမ်းမျိုးစုံဖြင့်
နေရာအသီးသီးတွင် အရှိန်ဟုန်မြှင့် လေ့လာနေကြသည့်အချိန်တွင် အင်္ဂလိပ်ဘာသာစကား လေ့လာသူများအတွက်
တစ်ထောင့်တစ်နေရာက အထောက်အကူ ပေးနိုင်ရန် ရည်ရွယ်လျှက် နေ့စဉ်လူမှုဘဝတွင် ကြုံတွေ့နိုင်သည့်
အင်္ဂလိပ်စကားပြော ပုံစံများကို မျှဝေ ရေးသားလိုက်ပါသည်။
“Greeting
(နှုတ်ခွန်းဆက်သခြင်း )”
လူတစ်ဦးနှင့် တစ်ဦး ပြောဆိုဆက်ဆံကြရာတွင်
နှုတ်ခွန်းဆက်သသော ပုံစံအမျိုးမျိုး ရှိပါသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို
ပထမဦးဆုံး တွေ့ဆုံသောအခါ တစ်ယောက်နှင့် တစ်ယောက် လက်ဆွဲနှုတ်ဆက်ကာ “How do you
do?”၊ “Please to meet you” ဟု အများအားဖြင့်ပြောကြပါသည်။
“How do you do?”သည် မေးခွန်းဝါကျမဟုတ်ဘဲ နှုတ်ဆက်သည့် စကားသာ ဖြစ်ပါသည်။
          ယနေ့ခေတ် လူငယ်များသည်
တစ်ခါတစ်ရံ အချင်းချင်းတွေ့ဆုံသောအခါ “Give my five” ဟုပြောကာ အချင်းချင်း
လက်ဝါးချင်း ရိုက် နှုတ်ဆက်လေ့ရှိသည်။
          ပုံမှန်အားဖြင့်
အချင်းချင်းသိပြီးသော သူများ ဆိုပါလျှင် လက်ဆွဲနှုတ်ဆက်လေ့ မရှိဘဲ “Hi” ၊ “Hello”
စသည်ဖြင့်သာ နှုတ်ဆက်ကြပါသည်။
မိမိက စတင် နှုတ်ခွန်းဆက်ရာတွင် ဖော်ပြပါ ဝါကျများကို အသုံးပြုနိုင်ပါသည်။
·        
Hi, hello.
·        
Good morning, good afternoon, good   evening.
·        
How are you?
·        
How are you doing?
·        
How do you do? 
မိမိက ပြန်လည်ကာ နှုတ်ခွန်းဆက်ရာတွင် ဖော်ပြပါ ဝါကျများကို
အသုံးပြုနိုင်ပါသည်။
•        Hi, hello.
•        Good morning/Good
afternoon/Good evening. 
•        I'm fine thank you
(thanks)/Okey! Thank you (thanks).
•        How about you?/And you? 
•        How do you do?
          တဖက်လူက
“Hi” ၊ “Hello” စသည်ဖြင့်နှုတ်ဆက်လျှင် မိမိက အဆင်ပြေသလို ပြန်ပြောနိုင်ပြီး၊ မိမိက
စတင် နှုတ်ဆက်ပါက အသက်ရွယ်တူကို “Hi”ဟု နှုတ်ဆက်နိုင်သော်လည်း၊ အသက်ရွယ်ကြီး
သူများကိုမူ “Hello”ဟုသာ နှုတ်ဆက်သင့်ပါသည်။
          “Good morning” ကို
မနက်ခင်းမိုးလင်းချိန်မှ နေ့လည် (၁၂) မတိုင်မီ အထိ အသုံးပြုရမည်ဖြစ်ပြီး ၊ “Good
afternoon” ကို နေ့လည် (၁၂) နာရီမှ ညနေ (၆) နာရီအထိ သုံးစွဲရမည် ဖြစ်ကာ ၊ “Good
evening” ကို ညနေ(၆) နာရီ နောက်ပိုင်းအချိန်များတွင် အသုံးပြုရမည် ဖြစ်ပါသည်။
“Good night” သည် “Good bye” ဟူသော အဓိပ္ပာယ်ဖြင့် ခွဲခွာချိန်တွင်သာ သုံးပါသည်။
မည်သည့် အချိန်ဖြစ်စေ ခွဲခွာမည့်အချိန်တွင် “Good night” ဟု နှုတ်ဆက်ရပါမည်။ ည (၉)
ခန့်အချိန်တွင် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံသည့် အခါ “Good night” ဟုနှုတ်ဆက်မိလျှင်
တွေ့တွေ့ချင်း လှည့်ပြန်ရပါလိမ့်မည်။ နေ့လည်ခင်း ဖြစ်ပါစေ တစ်ယောက်နှင့်
ခွဲခွါမည့်အချိန်တွင် “Good night” ဟု နှုတ်ဆက်နိုင်ပါသည်။
          တစ်စုံတစ်ယောက်နှင့်  ပထမဆုံးတွေ့ဆုံသည့် အကြိမ်တွင်သာ “How do you
do?” ကိုသုံးရပြီး နောက်ထပ်တစ်ကြိမ် ပြန်တွေ့လျှင် “How are you?” ဟုသာ
နှုတ်ဆက်ရပါမည်။
          ဖော်ပြခဲ့သော အကြောင်းအရာများသည်
အသေးအဖွဲ့ ကိစ္စများဖြစ်သော်လည်း သတိမထားမိဘဲ အမှတ်တမဲ့ ပြောဆိုနိုင်သောကြောင့်
သတိပြုမိစေရန် ရေးသားလိုက်ပါသည်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....