ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။
အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို
ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ စကားလုံးတစ်လုံးကို အမျိုးမျိုးသုံးစွဲခြင်းဖြင့်
နေ့စဉ်စကား ပြောရာတွင် များစွာ အသုံးဝင်နိုင်ပါတယ်။
ဒီတစ်ပတ်မှာ “Pay” ဆိုတဲ့
စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် …. 
Pay
ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ
-      
How
much did you pay for the tickets?
လက်မှတ်တွေ
ဘယ်လောက် ပေးခဲ့ရလဲ
-      
I
paid the driver (in/with) cash.
ကားသမားကို
ငွေးသားနဲ့ ရှင်းခဲ့တယ်။
-      
Would
you prefer to pay with/by cash, cheque or credit card? 
အကြွေးကဒ်၊
ချက်လက်မှတ် နဲ့ ငွေသား ဘာနဲ့ ရှင်းချင်လဲ
-      
I
paid (out) a lot of money to get the washing machine fixed and it still doesn't
work!
အဝတ်လျှော်စက်
ပြင်တာ ပိုက်ဆံတော်တော် ကုန်တယ်၊ ခုထက်ထိ မကောင်းသေးဘူး။
-      
The
company pays £220 a week for people to act as couriers.
ဧည့်လမ်းညွှန်တွေကို
ကုမ္ပဏီက တစ်ပတ်ကို ပေါင်-၂၂၀ ပေးတယ်။
-      
Accountancy
may be boring but at least it pays well.
စာရင်းကိုင်
ပညာက ပျင်းဖို့ကောင်းရင် ကောင်းမယ်၊ ဒါပေမယ့် လစာကတော့ ကောင်းတယ်။
-      
Please
pay attention, I’ve got something important to say.
ကျေးဇူးပြုပြီး
အာရုံစိုက်ပေးပါ၊ ကျွန်တော့်မှာ အရေးကြီးပြော စရာ ရှိတယ်။
-      
It's
always nice to be paid a compliment.
ချီးမွမ်းစကား
ပြောရတာ အမြဲတမ်း ကောင်းပါတယ်။
-      
I
pay respect to my teacher.
ဆရာ့ကို
အရိုအသပေးတယ်။
-      
If
you leave your address, I'll pay a call on you when I'm in the area.
မင်းက လိပ်စာပေးထားရင်
ကျွန်တော် အဲဒီဖက်ကို ရောက်တဲ့အခါ မင်းဆီကို လာလယ်မှာပေါ့။
-      
I
will pay you back next week.
ကျွန်တော်
ခင်ဗျားကို နောက်တစ်ပတ်မှာ ပိုက်ဆံ ပြန်ဆပ်မယ်။
-      
Crime
doesn’t pay.
-      
ရာဇဝတ်ဘေး
ပြေးမလွတ်။
-      
Please
read this book. It pays.
-      
အဲဒီစာအုပ်
ဖတ်ကြည့်ပါ၊ အရမ်းအကျိုးရှိတယ်။
Pay
ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
Pay
= လစာငွေ
How
much pay do you get?
ခင်ဗျား
လုပ်ခ လစာ ဘယ်လောက်ရလဲ
Pay
နှင့် ပတ်သက်သော အခြားအသုံးအနှုန်း ပုံစံများ
Payload         = (သင်္ဘော၊ လေယာဉ် စသည်တွင် လောင်စာဆီအပြင်)
သယ်ဆောင်နိုင်သော ဝန်ချိန်
                   = ဗုံး၊ လက်နက် တို့၏ ပေါက်ကွဲအား
                   = အာကာသ၊ ဒုံးယာဉ်၊ ဂြိုလ်တု တို့တွင်
ပါရှိသော ပစ္စည်းကရိယာ
Paymaster     = လစာထုတ်ပေးသူ အရာရှိ
                   = ငွေပေး၍ တရားမဝင် လုပ်ငန်းများ
လုပ်ကိုင်ကာ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူ
Payout          = ငွေ များများစားစား ထုတ်ပေးခြင်း
Payroll          = ကုမ္ပဏီတစ်ခု၏ ဝန်ထမ်း လစာစာရင်း
Paysilp          = လစာရှင်းတမ်း စာရွက်
Pay-bed        = ပြင်ပဆရာဝန်၏ လူနာအဖြစ် ပြည့်သူဆေးရုံတက်ရာ၌ အခပေးရသော ခုတင်
Pay-claim       = လစာတိုးမြှင့်ပေးရန် တောင်းဆိုချက်
Pay-day         = လစာထုတ်ရက်
Payee           = ငွေလက်ခံသူ
Payer            = ငွေပေးရသူ
Pay-packet    = လစာ၊ လုပ်ခငွေ စာအိတ်
Pay-phone     = အများသုံး တယ်လီဖုန်း
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ
စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး
(UMK)
Be the
Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....