အင်္ဂလိပ်စကား
ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော
ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ
လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
Are you
trying to + (verb)  – _____
လုပ်ဖို့ ကြိုးစား နေလား 
တစ်စုံတစ်ယောက်က
စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ကိစ္စတစ်ခုခုကို လုပ်ဖို့ ကြိုးစားအားထုတ်နေလားလို့
မေးလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်နိုင်ပါတယ်။ 
-      
Are you
trying to ignore me?
ငါ့ကို လျစ်လျူရှုဖို့
ကြိုးစား နေတာလား
-      
Are you
trying to memorize that song?
ဒီသီချင်းကို
မှတ်မိဖို့ ကြိုးစား နေတာလား
-      
Are you
trying to pretend like it never happened?
အဲဒါမျိုး ဘယ်တော့မှ
မဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်ဖို့ ကြိုးစား နေတာလား
-      
Are you
trying to remain calm?
စိတ်တည်ငြိမ်အောင်  ကြိုးစား နေတာလား
-      
Are you
trying to remember her name?
သူ(မ)နာမည်ကို
သတိရဖို့ ကြိုးစား နေတာလား
Please +
(verb) - ကျေးဇူးပြု၍ ______ လုပ်ပေးပါ။
တစ်စုံတစ်ယောက်ကို
ယဉ်ယဉ်ကျေးကျေး တောင်းဆို ပန်ကြားလိုသော အခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။
verb တွင် s/es များ (လုံးဝ) မပါသည်ကို သတိပြုရပါမယ်။
-      
Please pass
me the salt.
ကျေးဇူးပြု၍
ဆားလေး ကျွန်တော့်ကို လှမ်း(ကမ်း) ပေးပါ။
-      
Please order
me the steak and potatoes.
-      
ကျေးဇူးပြု၍
ကျွန်တော့်အတွက် အမဲကင် နဲ့ အားလူး မှာပေးပါ။
-      
Please stop
bothering me.
ကျေးဇူးပြု၍
ကျွန်တော့်ကို နှောက်ယှက်တာ ရပ်ပါတော့။
-      
Please wash
your hands before dinner.
ကျေးဇူးပြု၍
ညနေစာမစားခင် မင်းလက်တွေကို ဆေးပါ။
-      
Please wait
outside until we are ready.
ကျေးဇူးပြု၍
ကျွန်တော်တို့ အဆင်သင့်ဖြစ်တဲ့အထိ အပြင်မှာ စောင့်ပေးပါ။
-      
Please zip
up your coat before you go outside.
ကျေးဇူးပြု၍
အပြင်မသွားခင် ကုတ်အင်္ကျီကို ဇစ်ဆွဲတင် လိုက်ပါ။
Don't +
(verb) -  ______
ကို မလုပ်နဲ့
 တစ်စုံ တစ်ခုခုကို မလုပ်ဖို့ရန်၊ ရပ်တန့်ဖို့ရန်
ခိုင်းစေ၊ တောင်းဆိုလိုသော အခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။ ယခုပုံစံတွင်လည်း
 verb တွင် s/es များ (လုံးဝ) မပါသည်ကို သတိပြုရပါမယ်။
-       Don't try and
fool me.
ငါ့ကို ကြိုးစားပြီး အရူးမလုပ်ပါနဲ့။
-       Don't allow this
to happen.
ဒါကို ဖြစ်ဖို့ ခွင့်မပြုပါနဲ့။
-       Don't watch scary
movies before you go to bed.
အိပ်ရာ မဝင်ခင် ကြေက်စရာ ကောင်းတဲ့ ရုပ်ရှင်တွေကို မကြည့်ပါနဲ့။
-       Don't cause any
more trouble.
ပြဿနာ ထပ်ဖြမယ့် ကိစ္စတွေ မဖြစ်စေနဲ့။
-       Don't chew gum
in class.
အတန်းထဲမှာ ပီကေ မဝါးပါနဲ့။
-       Do not concern
yourself with other people's problems.
သူများ ပြဿနာတွေမှာ မင်းကိုယ်တိုင် ဝင်မပါ ပါနဲ့။
-       Do not behave
that way.
ဒီလိုအချိုးမျိုး မလုပ်ပါနဲ့။ (အပြုအမူ၊ အမူအရာ ကို ဆိုလိုပါတယ်။)
-       Do not announce
your decision until you're ready.
မင်း အဆင်သင့်မဖြစ်ခင် မင်းရဲ့ ဆုံးဖြတ်ချက်ကို မကြေငြာပါနဲ့။
-       Do not argue
with me.
ငါနဲ့ အတူ အငြင်းမပွားပါနဲ့။
ငါနဲ့ အတူ အငြင်းမပွားပါနဲ့။
-       Do not arrive
late for your meeting.
အစည်းဝေးကို နောက်ကျပြီး မရောက်ပါစေနဲ့။

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....