ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။
အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊ စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို
ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ အချို့သော စကားလုံးများသည် စကားလုံး
အားဖြင့် တူသော်လည်း အဓိပ္ပာယ်မတူသည်များကို တွေ့နိုင်ပါတယ်။ 
ဒီတစ်ပတ်မှာ
“run” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် …. 
Run
ကို verb (ကြိယာ) အဖြစ်သုံးသော ပုံစံများ
-      
A
boy is running. 
ကောင်လေးတစ်ယောက်
ပြေးနေသည်။
-      
She
used to run when she was at collage.
ကောလိပ်ကျောင်းတက်တုန်းက
အပြေးပြိုင်ပွဲမှာ ပြေးလေ့ရှိခဲ့တယ်။
-      
I
have been running around (town) all morning buying Christmas presents.
ခရစ်စမတ်
လက်ဆောင်တွေ ဝယ်ဖို့အတွက် တစ်မနက်ခင်းလုံး မြို့ကို အပြေးအလွား သွားနေတယ်။
-      
Derby
will be run in spite of the bad weather.
-      
ရာသီဥတု
ဆိုးရွားနေပေမယ့် နှစ်စဉ်ပြုလုပ်တဲ့ မြင်းပွဲကတော့ ကျင်းပလိမ့်မယ်။
-      
Buses
to Mandalay run every half hour. 
-      
မန္တလေးသို့
ကားများက နာရီဝက်တိုင်း ပြေးဆွဲတယ်။
-      
Can
you run me to the station?
မင်း ငါ့ကို
ဘူတာကို ကားနဲ့ မောင်းပို့နိုင်မလား
-      
The
car ran off the road into a ditch.
ကားက လမ်းပေါ်ကနေ
မြောင်းထဲကို ထိုးကျသွားခဲ့တယ်။
-      
I
run my eyes over the page.
ကျွန်တော့်
မျက်လုံးတွေကို စာရွက်ပေါ် ဝေ့ကြည့်လိုက်တယ်။
-      
The
ship ran aground.
သင်္ဘောက သောင်တင်နေခဲ့တယ်။
-      
Election
Campaigns in Britain run for three weeks.
ဗြိန်တိန်က
ရွေးကောက်ပွဲ လှုပ်ရှားမှုက သုံးပတ် ကြာတယ်။
-      
The
lease on my house has only one year to run.
ကျွန်တော့်
အိမ်ငှားစာချုပ်က တစ်နှစ်ပဲ သက်တမ်းရှိတော့တယ်။
-      
He
used to run guns across the border.
သူက နယ်စပ်ကို
ဖြတ်ပြီး သေနတ်တွေ မှောင်ခို ကုန်ကူးလေ့ရှိခဲ့တယ်။
-      
The
rivers run north to south.
မြစ်များသည်
မြောက် မှ တောင် သို့ စီးဆင်းကြသည်။
-      
The
tears run down her cheeks.
မျက်ရည်များက
သူ(မ)ရဲ့ ပါးနှစ်ဖက်မှာ စီးကျနေတယ်။
-      
Who
left the tap running?
ရေပိုက်ခေါင်းဖွင့်ပြီး
ဘယ်သူ ထားခဲ့တာလဲ
-      
Your
nose is running.
မင်းနှာခေါင်းက
နှာရည် ကျနေတယ်။
-      
The
tide was running strong.
ဒီရေ တော်တော်
တက်နေတယ်။
-      
His
face is running with sweat.
သူ့မျက်နှာက
ချွေးတွေနဲ့ စိုရွှဲနေတယ်။
-      
I
am afraid the color ran when I washed your shirt.
မင်းအင်္ကျီကို
လျှော်တဲ့အခါ ဆေးကျွတ်တာကို ငါစိုးရိမ်တယ်။
-      
It
was so hot that the butter ran.
ထောပတ်တွေ
ပျော်ကျလောက်အောင် အရမ်းပူတယ်။
-      
Inflation
is running now at 26 percent.
ငွေကြေးဖောင်းပွမှုက
ခုအချိန်မှာ ၂၆ % နဲ့ ရပ်တည်နေတယ်။
-      
He
has no idea how to run a successful business.
အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်း တစ်ခုကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သူမှာ အကြံဉာဏ် မရှိဘူး။
-      
I
can’t afford to run a car on my salary.
ကျွန်တော့်
လစာနဲ့ ကားဝယ်မစီးနိုင်ဘူး။
-      
I
am running the English language school.
ကျွန်တော်က
အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်း ဖွင့်ထားတယ်။
-      
My
car runs on diesel.
ကျွန်တော့်ကားက
ဒီဇယ်နဲ့ မောင်းတဲ့ကားပါ။
-      
Could
you run the engine for a moment?
ဒီစက်ကို
ခဏလောက် မောင်းပြလို့ ရမလား
-      
How
many candidates are running for the Presidency?
သမ္မတရွေးကောက်ပွဲမှာ
ကိုယ်စားလှယ် ဘယ်နှစ်ယောက် ပါဝင်ယှဉ်ပြိုင်လဲ
-      
The
Guardian is running a series of articles on the Russian economy.
ရုရှားနိုင်ငံ
စီးပွားရေးအကြောင်း အခန်းဆက် ဆောင်းပါးများကို ဂါးဒီယမ်း သတင်းစာက ထည့်သွင့် ဖော်ပြနေတယ်။
Run
ကို noun (နာမ်) အဖြစ်သုံးသော ပုံစံများ
-      
I
go for a run every morning.
-      
ကျွန်တော်
မနက်တိုင်း အပြေးလေ့ကျင့်တယ်။
-      
The
ferry operates on the Yangon-Insein run.
-      
ဖယ်ရီက
ရန်ကုန် - အင်းစိန် လမ်းကြောင်းက ဆွဲတယ်။
Run
နှင့် ပတ်သက်သော အခြားအသုံးအနှုန်း ပုံစံများ
Ski-run                             = နှင်းလျောစီးလမ်း
In
the long run                   = ရေရှည်တွင်
In
the short run                 = လက်ငင်းတွင်
Run-up                             = အကြိုကာလ (during
the run-up to Christmas)
Runabout                          = (အထူးသဖြင့် မြို့တွင်းသုံးရန်)
ပေါ့ပါးသောကားငယ်
Runaway                          = အိမ်ပြေး
Runway                            = ပြေးလမ်း
Runner                             = အပြေးသမား
Runner-up                         = ဒုတိယဆုရသူ၊ ဒုတိယရသော
အသင်း
Runner-bean                      = ဗိုလ်စားပဲ
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ
စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး
(UMK)
Be the
Best !

0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....