I used to + (verb) - လုပ်လေ့လုပ်ထ ရှိခဲ့သည်၊ (အတိတ်ကာလအတွက် သာသုံးရပါသည်။)
“used to” ကို verb ဖြင့်တွဲသုံးလျှင် အတိတ်တစ်ချိန်တွင် လုပ်လေ့လုပ်ထ ရှိသော၊ လုပ်ခဲ့ဘူးသော အခြေအနေများကို တင်ပြရာတွင် အသုံးပြုနိုင်ပါသည်။ အတိတ်ကာလကိုသာ ရည်ညွှန်းသုံးသော အသုံးအနှုန်း တစ်ခုဖြစ်ပြီး ယခုလက်ရှိကာလတွင် ပြုလုပ်ခြင်း မရှိတော့ပါ။

-       I used to smoke.
ဆေးလိပ် သောက်လေ့ရှိခဲ့တယ်။ (ယခု မသောက်တော့ပါ။)
-       I used to live in California.
ကယ်လီဖိုးနီးယားမှာ နေဖူးခဲ့တယ်။ (ယခု မနေတော့ပါ။)
-       I used to go to the beach every day last year.
မနှစ်က နေ့တိုင်း ကမ်းခြေကို သွားလေ့ရှိတယ်။ (ယခုအချိန်တွင် မသွားတော့ပါ။)
-       I used to like vegetables.
အသီးအရွက်တွေ ကြိုက်ခဲ့ဘူးတယ်။ (ယခု မကြိုက်တော့ပါ။)

I + (be) + used to + (noun) - ရင်းနှီးကျွမ်းဝင်သည်။

-       I am used to your face, but I forget your name.
မင်းမျက်နှာကို ရင်းနှီးတယ်၊ ဒါပေမယ့် နာမည်တော့ မေ့နေတယ်။
-       My friend is used to Mathematic.
ကျွန်တော့်သူငယ်ချင်းက သင်္ချာကျွမ်းတယ်။
-       She is not used to English.
သူ(မ)က အင်္ဂလိပ်စာ မကျွမ်းဘူး။
-       They are used to music.
သူတို့က ဂီတနဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်။
-       I am not used to Mandalay weather.
မန္တလေးရာသီဥတုကို ကျွန်တော် မရင်းနှီးဘူး။

I have to + (verb) - ____ ရမည်။
သေချာသော ကိစ္စတစ်ခု လုပ်ရမည်၊ သွားရမည် စသည်ဖြင့် မကြာမီ လုပ်ဆောင်၊ ဖြစ်ပျက်တော့မည့် သေချာသော အခြေအနေများ တွင် “have+to” ကို အသုံးပြု နိုင်ပါသည်။
-       I have to go my work.
အလုပ်ကို သွားရမယ်။ (ကျိန်းသေ သွားရမည်။)
-       I have to unpack my bags.
ကျွန်တော့်အတိတ်ကို ရှင်းရမယ်။
-       I have to do my homework.
အိမ်စာတွေ လုပ်ရမယ်။
-       They have to pay for the school fees.
သူတို့ ကျောင်းလခတွေ ပေးရမယ်။

တစ်ခုခု ကို လုပ်ရန် မလိုအပ်သော အခြေအနေမျိုးတွင် 'don't' နှင့် တွဲကာ အသုံးပြုနိုင်သည်။ to suggest
-       I don't have to do my homework.
အိပ်စာတွေ လုပ်ဖို့မလိုတော့ဘူး။
-       I don't have to go to my work today.
ဒီနေ့ အလုပ်ကို သွားဖို့ မလိုတော့ဘူး။
-       I don't have to unpack my bags.
အိတ်ကို ရှင်းဖို့ မလိုတော့ဘူး။

I wanna + (verb)
'wanna' သည် သဒ္ဒါနည်းအရ အမှန်မဟုတ်သော်လည်း စကားပြောရာတွင် အသုံးများပြီး 'want to' နှင့် အဓိပ္ပာယ်တူပါသည်။ တစ်စုံတစ်ခုကို လုပ်ချင်သည်ဟု ပြောဆိုရာတွင် အသုံးပြုနိုင်ပါသည်။
-       I wanna talk with you.
မင်းနဲ့ ငါ စကားပြောချင်တယ်။
-       I wanna search for a job.
အလုပ်တစ်ခုလောက် ရှာချင်တယ်။
-       I wanna order some food.
စားစရာ နည်းနည်းလောက် မှာချင်တယ်။
-       I wanna marry her.
သူ(မ)ကို လက်ထပ်ချင်တယ်။
-       I wanna listen to that song.
ဒီသီချင်းကို နားထောင်ချင်တယ်။

တစ်စုံ တစ်ခုကို မလုပ်ချင်သည်ကို ဖော်ပြလျှင် အငြင်းဝါကျ ပုံစံနှင့် တွဲကာ အသုံးပြုနိုင်ပါသည်။
-       I don't wanna listen to that song.
ဒီသီချင်းးကို နားမထောင်ချင်ဘူး။



“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”

အောင်ကိုဦး(UMK)
Be the Best !


0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top