I'm calling to + (verb) - ဖုန်းခေါ်နေတယ်၊ ဖုန်းဆက်တယ်
တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု ပြောရန် အတွက် ဖုန်းဆက်သော အခါ အသုံးပြုနိုင်ပါသည်။
-       I'm calling to accept your invitation.
မင်းဖိတ်တာကို လက်ခံတာ ပြောဖို့ ဖုန်းဆက်တာ။
-       I'm calling to support your decision.
မင်းရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အတွက် ဖုန်းဆက်တာ။
-       I'm calling to remind you of our dinner plans.
ညနေစာ အစီအစဉ်အတွက် သတိပေးဖို့ ဖုန်းဆက်တာ။
-       I'm calling to receive my prize.
ဆု ရတဲ့ အကြောင်းပြောဖို့ ဖုန်းဆက်တာ။
(တစ်နေရာရာ က ဖုန်းဆက်နေကြောင်းပြောလိုလျှင် I’m calling from ဖြင့်သုံးနိုင်သည်။ ဥပမာ- I’m calling from Pyin Oo Lwin.)

I'm working on + (noun) - ကြိုးစား လုပ်ဆောင်နေသည်။
          လုပ်ငန်းတစ်ခုခု အတွက် စိတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ ကြိုးစားဆောင်ရွက်နေသည် ပြောလိုသော အခါ သုံးပါသည်။
-       I'm working on educating myself.
ပညာတွေ တတ်ဖို့ ကြိုးစားနေတယ်။
-       I'm working on my homework.
အိမ်စာတွေ ကြိုးစား လုပ်နေတယ်။
-       I am working on painting a house.
အိမ်ကို ဆေးသုတ်တာ ကြိုးစား လုပ်နေတယ်။
I'm sorry to + (verb) - ဝမ်းနည်းပါတယ်၊ စိတ်မကောင်းပါဘူး၊ တောင်းပန်ပါတယ်
တစ်စုံတစ်ယောက် အတွက် ဖြစ်စေ၊ တစ်စုံတစ်ခု အတွက် ဖြစ်စေ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း ပြောလိုသောအခါ အသုံးပြုနိုင်ပါသည်။
-       I'm sorry to be so late.
တော်တော်လေး နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်။
-       I'm sorry to hear about your sick mother.
မင်း အမေနေမကောင်းတာ ကို ကြားရတဲ့အတွက် စိတ်မကောင်းပါဘူး။
-       I'm sorry to waste your time.
မင်းအချိန်တွေကို ဖြုန်းမိတဲ့အတွက် တောင်းပန်ပါတယ်။
-       I'm sorry to disagree with your decision.
မင်းရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူ နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။
-       I'm sorry to end this relationship.
မင်းနဲ့ ပတ်သက်မှုကို အဆုံးသတ်လိုက် ရတဲ့အတွက် ဝမ်းနည်းပါတယ်။

I'm thinking of + (verb-ing) - စဉ်းစား၊ တွေးတော နေသည်။
 တစ်ခုခု ကို စဉ်းစား၊ တွေးတော နေသည်ကို ပြောလိုသော အခါ သုံးနိုင်ပါသည်။ တစ်စုံတစ်ယောက်ကို မိမိ၏ ကိုယ်ရေးကိုယ်တာ အတွေး၊ အမြင် တစ်ခုခု နှင့် ပတ်သက်၍ ပြောပြခြင်း ဖြစ်သည်။
-       I'm thinking of increasing my work load.
လုပ်ငန်း ပမာဏ တိုးမြှင့်ဖို့  စဉ်းစားနေတယ်။
-       I am thinking of launching a new website.
ဝက်(ဘ်)ဆိုဒ်(တ်) အသစ်ကို မိတ်ဆက်ဖို့ စဉ်းစားနေတယ်။
-       I am thinking of moving to a new city.
မြို့အသစ် တစ်ခု ပြောင်းမလို့ စဉ်းစားနေတယ်။
-       I am thinking of opening up a store.
စတိုးဆိုင် အသစ်တစ်ဆိုင် ဖွင့်ဖို့ စဉ်းစားနေတယ်။
အောင်ကိုဦး(UMK)
Be the Best !


0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top